NLOV - 002

Hotel (Hanoi): O Asia Hotel (or) Sunny 3 Hotels

Hotel (Halong Bay): Van Hai Hotel (or) Blue Sky Hotel

Day 01: Yangon – Hanoi ( - / - / - )

(Photo - Hanoi City)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Tour Leader နှင့် ညနေ ၅း၁၀ တွင် တွေ့ဆုံပါမည်။ည ၇း၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းလေဆိပ်သို့စတင်ထွက်ခွာပါမည်။ည ၉း၃၀ တွင် ဟနွိုင်းမြို့သို့ရောက်ရှိပြီး ဟိုတယ်တွင် Check In ဝင်ပါမည်။

Day 02: Hanoi – Halong (B / L / D)

Hochiminh Musoleum One Pillar Pagoda 

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိ Hochiminh Musoleum၊ Hochiminh Museum နှင့် One Pillar Pagoda တို့ကို သွားရောက်လည်ပတ်ပြီး နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် အရမ်းကို လှပတဲ့ Halong Bay သို့ဆက်လက်ထွက်ခွာပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် Night Market တွင် မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ ဈေးဝယ်ထွက်နိုင်ပါသည်။ ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။    

Day 03: Halong – Hanoi (B / L / D)Halong Bay

နံနက်စာသုံးဆောင်ပြီးနောက် Halong Bay တစ်လျှောက်တွင် အပျော်စီးသင်္ဘောဖြင့် ခရီးဆက်ပါမည်။ နေ့လည်စာကို အပျော်စီးသင်္ဘောပေါ်တွင် သုံးဆောင်ပြီး Halong Bay ရဲ့ သဘာဝအလှတရားများကို လေ့လာခံစားနိုင်ပါမည်။ ထို့နောက် ဟနွိုင်းသို့ပြန်လည်ထွက်ခွာပြီး ဟိနွိုင်းမြို့၏ နာမည်ကျော် Ngoc Son Temple၊ Sward Lake နှင့် Old Market တွင် ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ရေပေါ်ရုပ်သေး Show အစီအစဉ်ကို ခံစားနိုင်ပါမည်။ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 04: Hanoi – Yangon (B / L / -)

Temple of Literature  Temple on West Lake

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိ Army Museum၊ Temple of Literature နှင့် Temple on West Lake တို့ကို သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ရန်ကုန်မြို့သို့ပြန်ရန် ဟနွိုင်း လေဆိပ်သို့ ဆက်လက်ထွက်ခွာပါမည်။ ဟနွိုင်းမြို့လေဆိပ်မှ ညနေ ၁၆း၅၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ရန်ကုန်မြို့သို့ ညနေ ၁၈း၁၀ တွင် အေးချမ်းစွာပြန်လည်ရောက်ရှိပါမည်။

Flight Detail:

RGN – HAN:   VN 956                   19:10 – 21:30

HAN – RGN:   VN 957                   16:50 – 18:10

Book Now